Seasonal Workers Traning & Care Center
Choose Language member login

၂၀၂၄ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားခေါ်ယူမည့် အခြေအနေ

January 31st, 2024

လက်ရှိ မြန်မာပြည် ရာသီလုပ်သား မခေါ်ဘူးဆိုတဲ့ ဂယက်နဲ့ ပတ်သက်ပြီး လူ 100 နီးပါး ကျနော့်တို့ဆီ လာမေးထားကြပါတယ်။ ဒါကြောင့် ဒီကိစ္စကို တစ်ဦးချင်းစီ REPLY မပြန်နိုင်လို့ အားလုံး သိရအောင် ဒီမှာ ကျွန်တော်တို့ အမြင်ကို ‌မျှဝေပေးပါမယ်။
ဒီနေရာမှာ ကိုရီးယားအစိုးရက ကြေညာချက်တွေမှာပါတဲ့ အချိန်ကာလနဲ့ သက်ဆိုင်တဲ့ အသုံးအနှုန်းလေးတွေ သိထားဖို့လိုပါတယ်။
နှစ်တစ်နှစ်ကို နှစ်ပိုင်းခွဲပြီး ဖော်ပြတဲ့အခါ
📌상반기 – 1 လပိုင်းကနေ 6 လပိုင်းအထိ ကာလကို ‌ဆိုလိုသည်။
📌하반기 – 7 လပိုင်းကနေ 12 လပိုင်းအထိ ကာလကို ဆိုလိုသည်။
တစ်နှစ်တာကို 4 ပိုင်းခွဲပြီး ဖော်ပြတဲ့အခါ
📌1 분기 – 1 လပိုင်းကနေ 3 လပိုင်းအထိ ကာလကို ဆိုလိုသည်။
📌2 분기 – 4 လပိုင်းကနေ 6 လပိုင်းအထိ ကာလကို ဆိုလိုသည်။
📌3 분기 – 7 လပိုင်းကနေ 9 လပိုင်းအထိ ကာလကို ဆိုလိုသည်။
📌4 분기 – 10 လပိုင်းကနေ 12 လပိုင်းအထိ ကာလကို ဆိုလိုသည်။
ကိုရီးယားတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဒေသအစိုးအရ အရေအတွက် – 124 ခု
လက်ရှိ ကိုရီးယားနိုင်ငံမှာ ရာသီလုပ်သားကို တစ်နှစ်ကို 반기 နဲ့ ပိုင်းခြားပြီး 2 ကြိမ် ကြေညာပေးလေ့ရှိသလို ဒေသအလိုက် ခေါ်ယူတဲ့ အခါမှာတော့ 분기 နဲ့ ပိုင်းခြားပြီး ပျမ်းမျှ ၃ ကြိမ်ကနေ ၄ ကြိမ် ခေါ်လေ့ရှိပါတယ်ဗျ။ ခုကြေညာချက်ဟာ 2024 ခုနှစ်အတွက် ပထမ (၆ ) လတာအတွက် လျှောက်လွှာတင်ဖို့ ခေါ်ယူခြင်းဖြစ်ပါတယ်။
ဒီ 6 လ ခေါ်ယူတဲ့နိုင်ငံဟာ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် လာအို (4) နိုင်ငံတည်း မဟုတ်ပါ။ MOU ထိုးထားပြီးသားနိုင်ငံတွေအားလုံး ပါဝင်ပါတယ်။ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေလည်း ပါဝင် ပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိ MOU မထိုးရသေးတဲ့အတွက် ကြေညာချက်မှာ မပါဝင်သလို ပို့လို့လည်း မရသေးပါ။ တစ်ခု ရှိတာက ဒီကြားကာလထဲ မြန်မာနိုင်ငံအနေနဲ့ MOU ထိုးနိုင်ရင် ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ( 3လပိုင်း၊ 6 လပိုင်း၊ 9 လပိုင်း၊ တွေမှာ ) ဒေသအစိုးရအလိုက် ခေါ်ယူရာမှာ ပါဝင်လာနိုင်ပါတယ်။ ကိုရီးယား ဒေသအစိုးရ 124 ခု ရှိပါတယ်။
ဒါကြောင့် MOU အတည်ပြုချက် ဘယ်တော့ ထိုးနိုင်မလဲ၊ ဘယ်တော့ ထွက်လာမလဲဆိုတာကို အရင် ‌စောင့်ကြည့်ဖို့ လိုပါတယ်။လက်ရှိ MOU ထိုးဖို့ တွေ့ဆုံ ညှိနှိုင်းနေဆဲ ကာလဖြစ်ပြီး ၊ အခြားတစ်ဖက်မှာလည်း ကန့်ကွက်မှု၊ တားဆီးမှုတွေ ရှိနေတဲ့ အနေအထားပါ။ ဒါတွေကို ကျော်ဖြတ်ပြီး MOU ထိုးနိုင်မယ်၊ ထိုးပြီးသွားပြီ ဆိုရင်တော့ ရာသီလုပ်သား ခေါ်တဲ့ အကြိမ်တိုင်းမှာ မြန်မာ ပါဝင်လာပါလိမ့်မယ်။
False Hope ပေးခြင်း မဟုတ်ပါ။ အမြင်အတိုင်း ပြောပြခြင်းဖြစ်ပါတယ်။ ဒီ ဗီဇာနဲ့ ပတ်သက်ပြီး မြန်မာပြည် အနှံ့မှာ ငွေ မတန်တဆ တောင်းပြီး လိမ်လည်မှုတွေ ရှိနေတာက ပကတိ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အလိမ်အလည် မခံရဖို့လည်း ကိုယ်တိုင်က လေ့လာမှ ရပါမယ်။ ဖြစ်သင့်လား၊ ဖြစ်နိုင်လားစသဖြင့် ကျိုးကြောင်း သင့် စဉ်းစားတတ်ဖို့လည်း လိုသလို သတိထားဖို့လည်း လိုပါတယ်။ စွန့်စားမှုတိုင်းမှာ Risk ရှိပါတယ်။
ဒါကြောင့် လက်ရှိ သတင်းဂယက်မှာ ပါတဲ့ အတိုင်း မြန်မာပြည် မခေါ်သေးဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်ဟာ 2024 ခုနှစ် တစ်နှစ်လုံးစာ အတွက် ကြေညာချက် မဟုတ်ပါ။ ‌ပထမ 6 လတာအတွက် ကြေ ညာချက်ဖြစ်ပါတယ်။
ဒါကြောင့် ဒီ ရာသီလုပ်သားကို ကြိုးစားနေသူတွေအဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဒီကြားထဲ MOU အနေ အထား ဘယ်လို ရှိနိုင်မလဲဆိုတာ စဉ်ဆက်မပြတ် နားစွင့်နေ၊ စောင့်ကြည့်နေဖို့ လိုပါတယ်။